Myanmar Egress မှ Stakeholder များသို့ ပန်ကြားချက် (Eng)

၁။ Myanmar Egress သည် မြန်မာလူ့အဖွဲ့အစည်း၏ Democratic Believes and Political Culture ကို အဘက်ဘက်မှ မြှင့်တင်ပေးခြင်းဖြင့် ယနေ့တည်ဆောက်နေသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို ၀ိုင်းဝန်း တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပါသည်။ အဓိကလုပ်ဆောင် ချက်များမှာ သုတေသနနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်ကြားပို့ချမှုအစီအစဉ်များ ဖြစ်ပါသည်။

၂။ ယခုအခါ မြန်မာနိုင်ငံတွင် အခြခံဥပဒေသစ်တစ်ရပ်ဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းရှိ နိုင်ငံသားအားလုံး ကို နိုင်ငံရေး၊ အထူးသဖြင့် ပါတီနိုင်ငံရေးလုပ်ငန်းစဉ်များသို့တိုင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန် ပြင်ဆင်ထားရှိ သည်ဟု နားလည်ရပါသည်။

၃။ ထိုသို့ အရပ်ဘက်လူ့အဖွဲ့အစည်း၏ ပါတီနိုင်ငံရေး၊ တစ်နည်းအားဖြင့် Power Politic တိုင် ပါဝင်ဆောင် ရွက်ခွင့်ကို လုပ်ဆောင်ခွ င့်ပြုမည့်အနေအထားတွင် Myanmar Egress အနေဖြင့် အမျိုးသားနိုင်ငံရေး ဖြစ်သည့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို Stakeholder အားလုံးနှင့် ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့၍ ပါဝင်လုပ်ဆောင်သွားရန် ပြင်ဆင်လျက်ရှိပါသည်။

၎။ Myanmar Egress သည် လူ့အဖွဲ့အစည်း၏ စွမ်းဆောင်ရည်မြင့်တင်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် စိတ်ဆန္ဒပြဋ္ဌာန်းထားရှိရာ လူ့အဖွဲ့အစည်းအတွ င်းမှ Capacity Building ကို လိုလား ယုံကြည်လက်ခံသူ မည်သူ့ကိုမဆို ကူညီပံ့ပိုးရန် ဆုံးဖြတ်ထားပါသည်။ ထိုသို့ အရပ်ဘက် လူ့အဖွဲ့အစည်းရှိ Stakeholder အားလုံးကို အကူအညီပေးနိုင်ရန်အလို့ငှာ Myanmar Egress သည် မိမိတို့အဖွဲ့အစည်း၏ နိုင်ငံရေးအကျိုးအမြတ်ကို ရှေးရှုခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသထားရန် လိုအပ်သည်ဟု ယူဆ ပါသည်။

၅။ အထက်ပါအကြောင်းများကြောင့် Myanmar Egress သည် အခြေခံဥပဒေသစ်အရ အစိုးရက အရပ်ဘက် လူ့အဖွဲ့အစည်းကို ပါတီနိုင်ငံရေးတွ င် ပါဝင်ဆောင်ရွက်ခွင့်ပြုသည့်တိုင် အဆိုပါ အဆင့်ထိ တက်ရောက် လုပ်ကိုင်ဆောင်ရွက်ခြင်းပြုမည်မဟုတ်ကြောင်း၊ ပါတီအဖွဲ့အစည်းတစ်ခုအဖြစ် ထူထောင်မည်မဟုတ် ကြောင်း Stakeholder အားလုံးအား လေးစားစွာ အသိပေးအပ်ပါသည်။ Myanmar Egress ၏ တာဝန်ရှိ သူအားလုံးအနေဖြင့်လည်း တစ်ဦးချင်းသဘောဖြင့် မည်သည့်ပါတီအဖွဲ့အစည်းတွင်မျှ ပါဝင်လုပ်ဆောင် မည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

၆။ မိမိတို့ Myanmar Egress ၏ မူရင်းတာဝန်အဖြစ် ခံယူထားသည့် လူ့အဖွဲ့အစည်းစွ မ်းဆောင်ရည်မြှင့် တင်ရေးနှင့် ပတ်သက်၍ မည်သူမဆို လွတ်လပ်စွာ၊ ယုံကြည်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ရိုးသားစွာ အသိပေးအပ်ပါသည်။