Certificate Course for Basic Social Science Research Methodology(E-501)

၁။ Myanmar Egress Research Fellowship အတွက် ရည်ရွယ်ပို့ချသည့် Basic Social Science Research Methodology (E-501) အမည်ရှိ သင်တန်းတစ်ခုကို March လဆန်းမှ April လလယ်အထိ နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခများဖြင့် သင်ကြားပို့ချရန် စီစဉ်လျက်ရှိပါသည်။

၂။ သုတေသန လုပ်ငန်းများကို စိတ်ဝင်စားလုပ်ဆောင်လိုသူများ ဤသင်တန်းတက်ရောက်ရန် လျှောက်ထားနိုင် ပါသည်။ အနည်းဆုံး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားရန် လိုအပ်ပြီး အထူးသဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော ပို့ချချက်များကို လိုက်ပါနိုင်သော အင်္ဂလိပ်စာ အရည်အချင်းရှိရန် လိုအပ်ပါသည်။

၃။ သင်တန်းကြေးမှာ ကျပ် ၁၀၀၀၀ိ/- (တစ်သောင်း) ဖြစ်ပြီး သင်တန်းသားဦးရေ အကန့်အသတ်ရှိပါသဖြင့် အရည် အချင်းအလိုက် ပြန်လည်စိစစ်ရန်နှင့် လူတွေ့စစ်ဆေးမှုပြုလုပ်ရန် ၁၉.၂.၂၀၁၀ (သောကြာနေ့) နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။ အချိန်ပြည့်သင်တန်းဖြစ်၍ အခြားသင်တန်းတစ်ခုခု တစ်ပြိုင်နက်တက်ရောက်ရန် ရှိသူများ လျှောက်ထားရန်မလိုပါ။

၎။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို သမ္မတဟိုတယ် ပထမထပ်ရှိ Myanmar Egress ကျောင်းသားရေးရာ ဌာနတွင် ရယူနိုင်ပါသည်။ Download Section မှလည်း Download ပြုလုပ်ရယူနိုင်ပါသည်။

၅။ သင်တန်းပြီးဆုံးပါက Myanmar Egress Research Institute မှ ပြုလုပ်သော သုတေသန လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ အသေးစိတ် သိရှိလိုပါက Myananmar Egress Capacity Development Center သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Myanmar Egress Capacity Development Center

Tel : 01 388367, 393303,
Email : info@myanmaregress.org