Advanced Certificate Course of E-002 (E-007/2)

(၁) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် စနစ်တကျသင်ကြားလေ့ကျင့်ပေးထားသော လူသားအရင်းအမြစ်များစွာ လိုအပ်လျက် ရှိပါသည်။

(၂) Myanmar Egressသည် အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် Certificate Course of Social Entrepreneurship (E-002) အမည်ရှိသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်မှ ယနေ့တိုင် ဖြစ်သည်။

(၃) E-002 သင်တန်းတက်ရောက်ခဲ့သူများအတွက် Public Policy And Public Administration အဆင့်မြင့်သင်တန်းတစ်ခုကို Advanced Certificate Course of E-002 အမည်ဖြင့် အောက်တိုဘာ (၁၇)ရက် တနင်္လာနေ့တွင် ဖွင့်လှစ်ရန်ရည်ရွယ်ထားပါသည်။

(၄) သင်တန်းတွင် Public Policy And Public Administration ဘာသာရပ်များကိုလက်ရှိဖြစ်ပေါ်နေသော အပြောင်းအလဲများအပေါ်အခြေခံကာ သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းချိန်မှာ တစ်ပတ်လျှင်(၂)ရက် (7:00am - 9:00am) ဖြစ်ပြီးသင်တန်းကာလအားဖြင့် စာတွေ့(၁)လ ခွဲကြာမြင့်မည်ဖြစ်သည်။ လက်တွေ့(၁)လခွဲကို လုပ်ငန်းခွင်တွင် တိုက်ရိုက် ၀င်ရောက်လုပ်ကိုင်စေပြီး ယင်းကာလအတွက် သင့်တင့်လျောက်ပတ်သော လစာခံစားခွင့် ရရှိမည်ဖြစ်သည်။

(၅) သင်တန်းကြေး (၅၀၀၀)ကျပ်သတ်မှတ်ထားပြီး သင်တန်းကြေးအခက်အခဲရှိသူများသည် ထူးချွန်ထက်မြက်ပါက သင်တန်းကြေးကင်းလွတ်ခွင့် လျှောက်ထားနိုင်သည်။

(၆) လူထုရေးရာမူဝါဒများနှင့် လူထုရေးရာအုပ်ချုပ်မှုပိုင်းဆိုင်ရာကဏ္ဍများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လိုသူများ လျှောက်ထားနိုင်သည်။

(၇) သင်တန်းသားဦးရေ ကန့်သတ်ချက်ရှိပါသဖြင့် အရည်အချင်းလိုက် ပြန်လည်စိစစ်ရန် ၀င်ခွင့်လျှောက်လွှာများကို (၁၁.၁၀.၂၀၁၁) အင်္ဂါနေ့နှင့်သင်တန်းကြေးကင်းလွတ်ခွင့်လျှောက်ထားသူများအတွက် (၇.၁၀.၂၀၁၁)သောကြာနေ့များတွင် နောက်ဆုံးထားပြီးလျှောက်ထားနိုင်ပါသည်။

(၈) သင်တန်းဝင်ခွင့်လျှောက်လွှာများကို Thamada Hotel ပထမထပ်ရှိ Myanmar Egress ရုံးခန်းတွင် ရယူနိုင်သည်။ ယခုဝဘ်ဆိုဒ်တွင်လည်း Download ရယူနိုင်ပါသည်။